ကိုယ်ရေးအကျဉ်း

အမည် ဒေါ်ရှီလာနန်တောင် (ခ) အမ်နန်တောင်
မွေးသက္ကရာဇ် 06-10-1954
ကျား/မ
လူမျိုး ကချင် ရှမ်း
ကိုးကွယ်သည့် ဘာသာ ခရစ်ယာန်
ယခင်အလုပ်အကိုင် အင်္ဂလိပ်စာပါမောက္ခ(ငြိမ်း)
ပညာအရည်အချင်း B.Ed,M.Phil(Eng),M.A(Eng)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ရွေးကောက်ခံရသည့် မဲဆန္ဒနယ် ကချင်ပြည်နယ် မဲဆန္ဒနယ် ၂
အဖအမည် ဦးခွန်အုန်း
လိပ်စာ SS/11, တက္ကသိုလ်လမ်း၊ စီတာပူရပ်ကွက်၊ မြစ်ကြီးနား
ကိုယ်ရေးအကျဉ်း ကွတ်ခိုင်မြို့ရှိ Stella Maris Convent School ၌ လေးနှစ်အရွယ်မှ စတင်ပညာသင်ယူခဲ့ပြီး ပြင်ဦးလွင်အ.ထ.က(၃)တွင် ၅တန်း မှ ၉ တန်းအထိ ၊ အ.ထ.က(၁) ကမာရွတ်၊ ရန်ကုန်တွင် ၁၀ တန်း အောင်မြင်ခဲ့၍ ရန်ကုန်ပညာရေး တက္ကသိုလ်တွင် (၁၉၇၂-၁၉၇၇) ခုနှစ်ထိ ပညာသင်ကြားခဲ့ပြီး B.Ed ဘွဲ့ကို ၁၉၇၇ ခုနှစ်တွင် ရရှိခဲ့သည့်အပြင် မန္တလေးတက္ကသိုလ်မှ M.Phil(Eng) နှင့် M.A(Eng) ဘွဲ့များကိုလည်း ရရှိခဲ့ပါသည်။ (၁- ၈- ၁၉၇၈) ရက်နေ့မှ (၉-၁-၁၉၈၇) ရက်နေ့ထိ နည်းပြအဖြစ်၊ အင်္ဂလိပ်စာဌာန၊ ရှမ်းပြည်နယ်ဒေသကောလိပ်၊ လားရှိုးမြို့တွင်လည်းကောင်း၊ (၁၆- ၁- ၁၉၈၇) ရက်နေ့ မှ(၈- ၉- ၁၉၈၉) ရက်နေ့ထိ နည်းပြအဖြစ် အင်္ဂလိပ်စာဌာန၊ မြစ်ကြီးနားဒီဂရီကောလိပ်တွင်လည်းကောင်း၊ (၁၄- ၉- ၁၉၈၉) ရက်နေ့မှ (၆- ၈- ၁၉၉၂) ရက်နေ့ထိ နည်းပြအဖြစ် အင်္ဂလိပ်စာဌာန၊ မန္တလေးတက္ကသိုလ် တွင် လည်းကောင်း (၇- ၈- ၁၉၉၂) ရက်နေ့ မှ (၃- ၁၂- ၁၉၉၇) ရက်နေ့ထိ လ/ထကထိကအဖြစ် အင်္ဂလိပ်စာဌာန၊ မြစ်ကြီးနား ဒီဂရီကောလိပ်တွင် လည်းကောင်း၊(၃- ၁၂- ၁၉၉၇) ရက်‌နေ့မှ (၂၄- ၄- ၁၉၉၈) ရက်နေ့ထိ ကထိကအဖြစ် အင်္ဂလိပ်စာဌာန၊ မြစ်ကြီးနား ဒီဂရီကောလိပ်တွင် လည်းကောင်း၊ (၂၇- ၄- ၁၉၉၇) ရက်နေ့ မှ(၁၁-၁၀-၁၉၉၉)ရက်နေ့ထိ တွဲဖက်ပါမောက္ခအဖြစ် အင်္ဂလိပ်စာဌာန၊ စစ်တွေတက္ကသိုလ်တွင်လည်းကောင်း၊ (၂၅-၁၀-၁၉၉၉) ရက်နေ့မှ (၆- ၁၀- ၂၀၁၄) ရက‌်နေ့ထိ ပါမောက္ခ(ဌာနမှူး)အဖြစ် အင်္ဂလိပ်စာဌာန၊ မြစ်ကြီးနားတက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်စတင်သည့်နေ့ (၁- ၈- ၁၉၇၈) မှ အသက်(၆၀)နှစ်ပြည့်ပင်စင်ယူသည့် (၆- ၁၀- ၂၀၁၄) ခုနှစ်အထိ လုပ်သက် ၃၆ နှစ် ၂ လ နှင့် ၆ရက်တိတိ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် ရှမ်းပြည်နယ်ဒေသကောလိပ်(လားရှိုး)မှ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အသုံးလုံးလုပ်အားပေးကျောင်းသား၊ ကျောင်းသူများအား ကြီးကြပ်သူ ဆရာမအဖြစ် လိုက်ပါဆောင်ရွက်ခြင်း။ ၁၉၈၁ ခုနှစ် ရှမ်းပြည်နယ် ဒေသကောလိပ်(လားရှိုး)မှ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ် အသုံးလုံး လုပ်အားပေးကျောင်းသား၊ကျောင်းသူများအား ကြီးကြပ်သူ ဆရာမအဖြစ် လိုက်ပါဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အညွှန်း လေ့လာရန်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 03-02-2016

မေးခွန်းများ

    မေးခွန်းများ မရှိသေးပါ။

အဆိုတင်သွင်းချက်များ

    အဆိုတင်သွင်းချက်များ မရှိသေးပါ။

ဥပေဒေကြမ်းဆိုင်ရာ ဆွေးနွေးချက်များ

    ဆွေးနွေးချက်များ မရှိသေးပါ။

ဆွေးနွေးချက်များ

    ဆွေးနွေးချက်များ မရှိသေးပါ။

မှတ်တမ်းများ

    မှတ်တမ်းများ မရှိသေးပါ