ကိုယ်ရေးအကျဉ်း

အမည် ဒေါ်နော်မြစေး
မွေးသက္ကရာဇ် 15-03-1946
ကျား/မ
လူမျိုး ကရင်
ကိုးကွယ်သည့် ဘာသာ ခရစ်ယာန်
ယခင်အလုပ်အကိုင် ပြည်နယ်ပညာရေးမှူး(အငြိမ်းစား)
ပညာအရည်အချင်း B.Sc, Dip-Ed
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ရွေးကောက်ခံရသည့် မဲဆန္ဒနယ် ကယားပြည်နယ် မဲဆန္ဒနယ် ၁၁
အဖအမည် ဦးစောအဲလ်ဘတ်
လိပ်စာ လိုခါးလိုရွာ၊ မော်ချီးမိုင်းဘုရားကျောင်းအနီး၊ ဖားဆောင်းမြို့နယ်၊ ကယားပြည်နယ်
ကိုယ်ရေးအကျဉ်း မော်ချီး၊ R.C.M ကျောင်း၊ မော်ချီးအလယ်တန်းကျောင်း၊ တောင်ငူ၊ ပဲခူး၊ ကရင်အထက်တန်းကျောင်း၊ တောင်ကြီးကောလိပ်၊ ရန်ကုန်ဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်ပညာရေးကောလိပ်တို့တွင် ပညာသင်ကြားခဲ့ပါသည်။ ပညာရေးဌာနတွင် အလယ်တန်းပြအဖြစ် အ.လ.က (မော်ချီး)တွင်လည်းကောင်း၊ အ.ထ.က (မော်ချီး) အ.ထ.က (ဖားဆောင်း)၊ အ.ထ.က(လွိုင်ကော်)တို့တွင် အထက်တန်းပြအဖြစ် လည်းကောင်း၊ အ.လ.က(လောပိတ)၊ အ.လ.က (၆)လွိုင်ကော်တို့တွင် အလယ်တန်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ အ.ထ.က(ဖရူဆို)၊ အ.ထ.က (၁) လွိုင်ကော်တို့တွင် အထက်တန်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ နမ့်စန်တောင် ရှမ်းပြည်နယ်တွင် မြို့နယ်ပညာရေးမှူး အဖြစ်လည်းကောင်း၊ ကရင် ပြည်နယ်တွင် ပြည်နယ်ပညာရေးမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်၊ တ.သ.ည ပါတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်နယ်ကော်မတီအဖွဲ့ဝင်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်မှ ချီးမြှင့်သော ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်တို့ ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
အညွှန်း လေ့လာရန်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 03-02-2016

မေးခွန်းများ

    မေးခွန်းများ မရှိသေးပါ။

အဆိုတင်သွင်းချက်များ

    အဆိုတင်သွင်းချက်များ မရှိသေးပါ။

ဥပေဒေကြမ်းဆိုင်ရာ ဆွေးနွေးချက်များ

    ဆွေးနွေးချက်များ မရှိသေးပါ။

ဆွေးနွေးချက်များ

    ဆွေးနွေးချက်များ မရှိသေးပါ။

မှတ်တမ်းများ

    မှတ်တမ်းများ မရှိသေးပါ