ကိုယ်ရေးအကျဉ်း

အမည် ဒေါက်တာမောင်သင်း
မွေးသက္ကရာဇ် 13-04-1955
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ပါမောက္ခချုပ်(ငြိမ်း)၊ မန္တလေးတက္ကသိုလ်
ပညာအရည်အချင်း B.Sc (Botany), M.Sc, Ph.D (Germany)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ရွေးကောက်ခံရသည့် မဲဆန္ဒနယ် မိတ္ထီလာ မဲဆန္ဒနယ်
အဖအမည် ဦးမာစီ
လိပ်စာ ၁၅၇/၁၊ ငှက်တော်လမ်း၊ ၁၄ ရပ်ကွက်၊ တ/ဥက္ကလာပ၊ ရန်ကုန်မြို့
ကိုယ်ရေးအကျဉ်း ငယ်စဉ်ကအခြေခံပညာကိုသနပ်ပင်မြို့နယ် အ.ထ.ကတွင် သင်ယူခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိမော်လမြိုင်တက္ကသိုလ်နှင်‌့ ရန်ကုန်တက္ကသိုလ် တို့တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီးB.Scဘွဲ့နှင့် M.Scဘွဲ့တို့ကိုရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဂျာမနီနိုင်ငံ Uni Marburg တွင် ပညာသင်ကြား ခဲ့ပြီး Ph.Dဘွဲ့ ရရှိခဲ့သည်။ ၂၆-၆-၁၉၉၀ ရက်နေ့မှ ၁၇-၇-၁၉၉၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံတွင် JadaparUniCryo biology ဘွဲ့လွန် သင်တန်းကိုလည်းကောင်း၊ ဂျာမနီနိုင်ငံ Uni Marburg ၌ ၃-၂-၁၉၉၆ ရက်နေ့မှ ၃၀-၆-၁၉၉၆ ရက်နေ့အထိ၊ ၁-၄-၁၉၉၉ ရက်နေ့မှ ၂၉-၁၁-၁၉၉၉ ရက်နေ့အထိ၊ ၃၀-၃-၂၀၀၁ ရက်နေ့မှ ၃၁-၆-၂၀၀၁ ရက်နေ့အထိတို့တွင် ဘွဲ့လွန်သုတေသန ကိုလည်းကောင်း တက်ရောက်ခဲ့သည်။ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ဝန်ထမ်းရေးရာ သင်တန်းအမှတ်စဉ်(၅၁)ကို ၂၆-၃-၁၉၈၁ ရက်နေ့မှ ၈-၈-၁၉၈၁ ရက်နေ့အထိ လည်းကောင်း၊ ဆရာဆရာမများမွမ်းမံသင်တန်း(၁)ကို ၂၅-၁-၁၉၉၂ ရက်နေ့မှ ၂၂-၂-၁၉၉၂ ရက်နေ့အထိလည်းကောင်း တက်ရောက်ခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၁ခုနှစ်အထိ ရုက္ခဗေဒဌာနဆေးတက္ကသိုလ်(၁)တွင် သရုပ်ပြအဖြစ်လည်းကောင်း၊ ၁-၁-၁၉၈၂ ရက်နေ့မှ ၃၁-၁၂-၁၉၉၂ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်ရုက္ခဗေဒဌာနတွင် သရုပ်ပြနှင့် လက်ထောက်ကထိကတာဝန် တို့ကိုလည်းကောင်း၊ ၇-၁-၁၉၉၃ ရက်နေ့မှ ၃၁-၅-၂၀၀၀ ရက်နေ့အထိမော်လမြိုင် တက္ကသိုလ် ရုက္ခဗေဒဌာနတွင် လက်ထောက်ကထိကနှင့် ကထိကတာဝန်များကို လည်းကောင်း၊ ၁-၆-၂၀၀၀ ရက်နေ့မှ ၁၁-၁၂-၂၀၀၁ ရက်နေ့တွင် တောင်ငူ တက္ကသိုလ် ရုက္ခဗေဒဌာနတွင် တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊ ၁၂-၁၂-၂၀၀၁ ရက်နေ့မှ ၂၁-၁၁-၂၀၀၅ ရက်နေ့အထိမန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနတွင် ပါမောက္ခ(ဌာနမှူး)အဖြစ်လည်းကောင်း၊ ၁၇-၁-၂၀၀၄ ရက်နေ့မှ ၁၄-၃-၂၀၀၄ ရက်နေ့အထိ ဂျာမနီနိုင်ငံ Uni Marburg တွင် ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ၂၁-၁၁-၂၀၀၅ ရက်နေ့မှ ၃၁-၃-၂၀၀၇ ရက်နေ့အထိ ရတနာပုံတက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ၁-၄-၂၀၀၇ ရက်နေ့မှ ၂၆-၆-၂၀၀၈ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန(အထက်မြန်မာပြည်)တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ၂၇-၆-၂၀၀၈ ရက်နေ့မှ ၆-၅-၂၀၁၄ ရက်နေ့အထိ မိတ္ထီလာတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ၆-၅-၂၀၁၄ ရက်နေ့မှ ၃၁-၇-၂၀၁၅ရက်နေ့အထိ မန္တလေးတက္ကသိုလ်တွင် ပါမောက္ခချုပ် အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ လမ်းစဉ်လူငယ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်၊ ကြက်ခြေနီအသင်းတို့ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး တံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိခဲ့ သည်။
အညွှန်း လေ့လာရန်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-02-2016

မေးခွန်းများ

    မေးခွန်းများ မရှိသေးပါ။

အဆိုတင်သွင်းချက်များ

    အဆိုတင်သွင်းချက်များ မရှိသေးပါ။

ဥပေဒေကြမ်းဆိုင်ရာ ဆွေးနွေးချက်များ

    ဆွေးနွေးချက်များ မရှိသေးပါ။

ဆွေးနွေးချက်များ

    ဆွေးနွေးချက်များ မရှိသေးပါ။

မှတ်တမ်းများ

    မှတ်တမ်းများ မရှိသေးပါ